Member Card ကိုင်ဆောင်လိုသူများ သိရှိ လိုက်နာရမည့် အချက်အလက်များ
  1. Member Card စတင်ပြုလုပ်သောအချိန်တွင် Initial Advance Money အဖြစ် မြန်မာကျပ်ငွေဖြင့်သာ ပေးသွင်းနိုင်ပါသည်။
  2. Member Card Application Form ဖြည့်စွက်ပြီး (၃) ရက် အတွင်း Member Card ထုတ်ပေးမည် ဖြစ်ပါသည်။
  3. Member Card လျှို့ဝှက်နံပါတ်အား Default ထားရှိပေးထားပြီး ကာယကံရှင်မှ မိမိကြိုက်နှစ်သက်ရာ ကိုပြောင်းလဲအသုံးပြုရမည် ဖြစ်ပြီး Default Password အသုံးပြုခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်သော ပြသနာများ သည် Card သုံးစွဲသူ၏ တာဝန်သာ ဖြစ်ပါသည်။
  4. ငွေရှင်းသည့်အကြိမ်တိုင်းတွင် မိမိလျှို့ဝှက်နံပါတ်ကို အသုံးပြုရမည် ဖြစ်ပါသည်။
  5. Member Card အား We Are Family ဖြင့်ချိတ်ဆက်ထားသော ဆိုင်များတွင် အသုံးပြုနိုင်ပါသည်။
  6. Member Card ထဲရှိ လက်ကျန်ငွေ စစ်ဆေးရန် (သို့) အခြားသိလိုသောအချက်များရှိပါက နီးစပ်ရာ Customer Services Counter သို့မဟုတ် Hotline Phone 09-441 600 009 နှင့် Facebook Messenger တို့တွင်ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။
  7. Member Card ထဲသို့ ငွေထပ်မံ ဖြည့်သွင်းလိုပါက Olympic Hotel (Head Office) သို့မဟုတ် အခြားနီးစပ်ရာ Service Counter သို့မဟုတ် Trusty Pay , MPU Payment, CB Pay , KBZ Pay, AYA Pay စသည့် စနစ်များဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
  8. Member Card ၏ လျှို့ဝှက်နံပါတ်ပြောင်းလိုပါက Call Center Phone No 09-441 600 009 သို့မဟုတ် ကာယကံရှင်ကိုယ်တိုင် Card နှင့်တကွ နိုင်ငံသားစိစစ်ရေးကဒ်ပြားပါ တပါတည်းယူဆောင်လာပြီး ဆောင်ရွက်ရမည်ဖြစ်သည်။ Member Card Application ကို Apple Store & Play Store တွင် လွယ်ကူလျင်မြန်စွာ Download ရယူ သုံးစွဲနိုင်ပါသည်။
Card Type အသုံးပြုနိုင်သည့်သက်တမ်း Member Fee
Privilege Member 1 Year 200000
Privilege Member 2 Year 300000
Privilege Member 3 Year 350000

Member Card သုံးစွဲသူ User များ ရရှိနိင်မည့် ခံစားခွင့်များ အနေဖြင့် Yangon Hotel များတွင် သုံးစွဲလျှင် လက်ငင်းငွေသား 20%Discount နှင့် Bonus Point 5% ရရှိမည် ဖြစ်ပါသည်။

Bonus Point Refund
Bonus Point
Refund Money
10,000,000 10,000,000
1,500,000 1,000,000
500,000 200,000
300,000 100,000
Member Card ပျောက်ဆုံးသွားပါက ဆောင်ရွက်ရမည့် အချက်များ
  1. Member Card ပျောက်ဆုံးသွားပါက ကဒ်ပိုင်ရှင်သည် နီးစပ်ရာ Customer Service သို့ အမြန်ဆုံးနည်းဖြင့် ဖုန်းဖြင့်ဖြစ်စေ လူကိုယ်တိုင် ဖြစ်စေ အကြောင်းကြားပေးရမည်ဖြစ်သည်။ ပုံစံတွင် လက်မှတ်ရေးထိုးပေးရမည် ဖြစ်ပါသည်။
  2. Member Card ပျောက်ဆုံးကြောင်း တရားဝင်ကြောင်းကြားပြီး အများဆုံး ( ၃၆ ) နာရီအတွင်း ကဒ်အသုံးပြုခွင့်ကို ပိတ်မည်ဖြစ်သည်။ Member Card ပျောက်ဆုံးကြောင်း ဌာနသို့ အကြောင်းမကြားမီ ပျောက်ဆုံးသွားသောကဒ် အတွင်းရှိ ငွေအားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း လျော့နည်းသွားပါက ဌာနမှတာဝန်ယူမည် မဟုတ်ပါ။
  3. Member Card ပျောက်ဆုံးကြောင်း တရားဝင်အကြောင်းကြားပြီးနောက် ( ၁၄ ) ရက် အတွင်း New Card ပြန်လည်ထုတ်ပေးမည် ဖြစ်ပါသည်။ ၎င်းကဒ်ထုတ်ပေးခြင်းအတွက် ကဒ်တန်ဖိုး တစ်သောင်းကျပ် (၁၀၀၀၀) နှင့် ဝန်ဆောင်ခ ငါးထောင်ကျပ် (၅၀၀၀) အား ပေးဆောင်ရမည် ဖြစ်သည်။
  4. Member Card ပိုင်ရှင်သည် ကဒ်ပျောက်ဆုံးကြောင်း အချိန်နှင့်တပြေးညီ စနစ်တကျအကြောင်းကြားရန် ပျက်ကွက်မှုရှိပြီး နစ်နာဆုံးရှုံးမှုတစုံတရာဖြစ်ပေါ်လာပါက ကဒ်ပိုင်ရှင်၏တာဝန်သာ ဖြစ်ပါသည်။